
အာဏာပိုင်တချို့ နှင့် ဘုရားကျောင်းဂေါပက ဥက္ကဌတို့ ပေါင်းပြီး ကျွန်းသစ်များ တရုတ်ပြည်သို့ တင်ပို့ရောင်းချ

အာဏာပိုင်တချို့ နှင့် ဘုရားကျောင်းဂေါပက ဥက္ကဌတို့ ပေါင်းပြီး ကျွန်းသစ်များ တရုတ်ပြည်သို့ တင်ပို့ရောင်းချ
မူဆယ်မြို့နယ်စည််သာယာရေးအဖွဲ့ ပိုင် ၂၀၁၂-၂၀၁၃ ခုနှစ်အခွင့်အရေးလိုင်စင်စီ (၅၀) ကျော်ရှိသည့်အနက် ရှမ်းပြည်နယ်ဝန်ကြီးချူပ်နှင့် ရှမ်းပြည်နယ်စည်ပင်ဝန်ကြီး ဦးတူးမောင် တို့နှင့်ရင်းနှီးသည့်အချို့သော လေလံလုပ်ငန်းရှင် (၃၀) ကျော်အားမှ ယခင်နှစ်၏ လေလံတန်ဘိုးထက် ၁၀ ရာခိုင်နူန်းတိုးစေခိုင်းပြီး တိုက်ရိုက်လိုင်စင် ချမှတ်ပေးပါတယ်.... ၄င်းတို့နှင့် မရင်းနှီးသော ကျန်လိုင်စင်စီများဖြစ်သည့် (သားသတ်လိုင်စင်များ/ စျေးကောက်လိုင်စင်များ/ မြို့ဝင်ဘီးကောက်လိုင်စင်များ) ကို စျေးပြိုင်စနစ်ဖြင့်ဇန်နဝါရီ (၃၁) ရက်နေ့မှာလေလံတင်ရောင်းချခိုင်းသဖြင့် လေလံလုပ်ငန်းရှင်များအကြား တရားမျှတမှုမရှိသဖြင့် မကျေမနပ်ဖြစ်နေကြပါသည်။ ဖြစ်သင့်တာက လိုင်စင်စီများအားလုံး တပြေးညီ သက်တမ်းတိုးပေးရင် မကျေနပ်မှုဆိုတာ ရှိလာမှာမဟုတ်ဘူး။ အခုတော့ဗျာ ကျောသားရင်သားတွေ ခွဲခြားနေလိုက်ကြတာ.... လိုင်စင်လေလံပြန်ဆွဲကမည့်သူတွေ အောင့်သီးအောင့်သက်ခံစားနေရမလဲဆိုတာ ပြည်နယ်ဝန်ကြီးချူပ်နဲ့ ပြည်နယ်စည်ပင်ဝန်ကြီး ကိုယ်ချင်းစာ ကြည့်စေချင်ပါတယ်ဗျာ.......... နိုင်ငံတော်သမတကြီး ဦးသိန်းစိန် နှင့်မူဆယ်သား ဒုတိယသမတ ဦးစိုင်းမောက်ခမ်း အပါအဝင်ပြည်ထောင်စု အစိုးရက တရားမျှတစွာဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ယခုပြသနာ မပြေလည်မချင်းဖြစ်နိုင်လျှင် အပတ်စဉ်တင်ပြဘို့ရှိပါတယ်။
မူဆယ်သား
မူဆယ်မြို့သူမြို့သားတွေနဲ့ မြူနီစီပယ်က တာဝန်ရှိတဲ့ သူတွေကို ပြောချင်တာလေးတခုရှိပါတယ်။ မူဆယ်မြို့အထွက်မှာ လေယာဉ်ပြေးလမ်းလေးရှိပါတယ်။ ဟယ်လီကော်ပတာဆင်းဖို့ ကွင်းလေး ၃ ခု လည်းရှိပါတယ်။

ယခုရက်ပိုင်းအတွင်း အင်တာနက်စာမျက်နှာမှာ လူပြောများနေတဲ့သတင်းကတော့ ကေအိုင်အေ ကို အစိုးရစစ်တပ်က တကယ်အပြုတ်တိုက်၊ မတိုက်ဆိုတဲ့ အကြောင်းအရာပါ။
သို့
သျှမ်းသံတော်ဆင့်အယ်ဒီတာခင်ဗျား
နမ့်ခမ်းမြို့ လ၀ကမှူးသစ် ဦးမာကု ဟာ တရုတ်-မြန်မာနယ်စပ်ဖြတ်ကူးတဲ့ ယာယီနိုင်ငံကူးစာအုပ်ကို ချက်ချင်း ထုတ်ပေးနိုင်ပေမဲ့ မထုတ်ပေးပါဘူး။ ၂ ရက် ၃ ရက်လောက် စောင့်ရပါတယ်။ နေမကောင်း မကျန်းမာတဲ့သူတွေ တရုတ်ပြည်ဘက် ဆေးခန်း၊ ဆေးရုံသွားပြချင်တာ လူကိုယ်တိုင် လ၀ကရုံးမသွားနိုင်ရင်လို့ မလုပ်ပေးပါဘူး။ လူ ကိုယ်တိုင်သွားမှ စာအုပ်လုပ်ပေးပါတယ်။ လ၀ကမှူးဟောင်း ဦးအန်ယင်း လက်ထက်တုန်းက ကိုယ်တိုင်မသွား နိုင်ရင်တောင်မှ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုဇယားမိတ္တူနဲ့ ဓာတ်ပုံ ၃ ပုံပေးပြီး တခြားသူနဲ့ လုပ်ခိုင်းရင် ရပါ တယ်။ စာအုပ်လုပ်ခလဲ မူစယ်ထက် ဈေးကြီးပါတယ်။ စာအုပ်တစ်အုပ်ကို မူစယ်မှာ ကျပ် ၁၀၀၀ ဘဲပေးရပေမဲ့ နမ့်ခမ်းမှာ ကျပ် ၃၀၀၀ ပေးရပါတယ်။ စာအုပ်ခကတော့ လ၀ကမှူးဟောင်းလက်ထက်ကတည်းက ဈေးကြီးတာပါ။ စာအုပ်ခဈေးကြီးတယ်လို့ သတင်းထွက်လာရင် လျှော့ပေါ့ပေးလိုက်တယ်။ နောက်တော့လဲ ဈေးပြန်တက်တာပါ ဘဲ။ လူထုရဲ့ချွေးနဲစာကို သူတို့ဒီလိုဘဲ ညှစ်စားနေတော့မှာလား။ လူထုတွေ စိတ်မချမ်းမသာဖြစ်နေကြရတယ်ဗျာ။
နမ့်ခမ်းဒေသခံတစ်ဦး
၁၀.၁.၂၀၁၂