သျှမ်းသံတော်ဆင့်

စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

RCSS/SSA ဌာနချုပ်၌ သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းတည်ထောင်

E-mail Print PDF
သျှမ်းပြည်တပ်မတော် SSA လွယ်တိုင်းလျဲန်းဌာနချုပ်၌ သျှမ်းပြည်လူမျိုးစုအဖွဲ့အစည်းခေါင်းဆောင်များ တသီး ပုဂ္ဂလပြည်သူများ၊ ၃ ရက်ကြာတွေ့ဆုံဆွေးနွေးပြီး အနာဂတ်သျှမ်းပြည်သားများ စည်းလုံးညီညွတ်ရေး ရည်ရွယ် ချက်ဖြင့် သျှမ်းပြည်ကွန်ဂရက် ဖွဲ့စည်းရန် တခဲနက်ထောက်ခံသဘောတူခဲ့ကြကြောင်း နယ်စပ်သတင်းရပ်ကွက် ကဆိုသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS သျှမ်းပြည်တပ်မတော် SSA တောင်ပိုင်း၏ကမကထပြုမှုဖြင့် လွယ်တိုင်းလျဲန်းဌာနချုပ်၌ သျှမ်းပြည်အနာဂတ်အရေးအတွက် ယခုလ ၂၁ ရက် မှ ၂၃ ရက်အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးရာ ပအိုဝ်း၊ လားဟူ၊ ၀ နှင့် သျှမ်းအဖွဲ့အစည်းများမှ မျိုးချစ်ခေါင်းဆောင်များ သျှမ်းပြည်သူပြည် သားများအပါအ၀င်အင်အား ၁၆၀ ကျော်တက်ရောက်ခဲ့ကြောင်း၊ Shan State Congress (ယာယီ) ဖွဲ့စည်းရန် သဘောတူခဲ့ကြကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သူ သျှမ်းခေါင်းဆောင်တဦးကဆိုသည်။

“နှစ်စဉ်တွေ့ဆုံဆွေးနွေးပွဲမှာ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ assembly ပုံစံ စုရပ်ဆုံရပ် တခုထူထောင်ဖို့ အမည် လေးရပ်တင်သွင်းကြတယ်။ လေးခုထဲ Shan State Congress နာမည်ကို ယာယီသဘောတူ ထောက်ခံကြ တယ်။ အခုလောလော ဆယ် Congress ဆိုင်ရာစည်းမျဉ်း ဥပဒေ ရေးဆွဲဖို့ အလုပ်ကော်မတီ ၇ ဦးရွေးချယ် ထားတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ပြောပြပါသည်။

အလုပ်ကော်မတီ ၇ ဦး၏ လုပ်ငန်းစဉ် ၃ ရပ်ကိုလည်းချမှတ်ခဲ့ကြောင်း၊၄င်းတို့မှာ-
    ၁။ Shan State Congress ဆိုင်ရာဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများရေးဆွဲရန်။
၂။ တခြားကျန်ရှိနေသေးသော သျှမ်းပြည်တိုင်းရင်းသားများ အဖွဲ့အစည်းများပါဝင်လာရေး ဆက်လက်စည်းရုံးရန်။
    ၃။ အနာဂတ်အတွက်တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန် စသည်တို့ဖြစ်၏။

 “ကျနော်တို့အရှည်ကြီးရေးဆွဲဖို့မလိုပါဘူး၊ အင်္ဂလိပ်ကို အမေရိကန်တော်လှန်တုံးက ရေးဆွဲခဲ့တဲ့ ၁၃ ပြည်နည် အမေရိကန် ဖွဲ့စည်းပုံတောင် ၅ မျက်နှာဘဲ ရှိတယ်” - ဟု  RCSS  တိုင်းရင်းသားမဟာမိတ်ရေးရာတာဝန်ခံ စ၀်အွတ်ကျေးဆီး ကပြောသည်ဟု ဆို၏။

အလုပ်ကော်မတီ ၇ ဦးတွင်    -  လားဟူ (LDU- Lahu Democratic Union)မှ  ၁ ဦး၊
-  ပအိုဝ်း (PNLO- PaO National Liberation Organization)  မှ ၁ ဦး၊
-  သျှမ်းပူးပေါင်းဆောက်ရွက်ရေးကော်မတီ (TCC – Tai Coordination Committee)  မှ ၁ ဦး၊
-  ၀ အမျိုးသားအဖွဲ့ချုပ် (WNO- Wa National Organization) မှ ၁ ဦးတို့ နှင့်
-  သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီမှ ၃ ဦး တို့ဖြစ်၏။
“အခြားတိုင်းရင်းသားအဖွဲ့တွေ နောက်ထပ်ပါဝင် မလာခင် အစည်းအဝေး သဘောတူညီချက်အရ ခေတ္တ အစား ထိုးတာဝန်ယူထားတာဖြစ်ကြောင်း”- တက်ရောက်သူတဦး၏ ပြောပြချက်အရ သိရသည်။
သျှမ်းပြည်ဖွဲ့စည်းပုံရေးဆွဲရေးကော်မတီ ဥက္ကဌ ဦးခွန်စိုင်းက - “အခုပထမဆုံးအကြိမ်ကတော့ SSA ဌာနချုပ်မှာ လုပ်တယ်။ နောက် တကြိမ်ဆိုရင် ပအိုဝ်းတို့ ၀ တို့ လားဟူ (သို့မဟုတ်) အခြားတိုင်းရင်းသား နယ်မြေတွေမှာလဲ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးတွေ လက်ခံကျင်းပနိုင်တယ်။ Congress ရဲ့ ရုံးကိုလဲတခြား အဖွဲ့အစည်းတွေမှာ ရုံးစိုက်နိုင်တယ်။ အဆင်မပြေရင်တော့ SSA  က တာဝန် ယူ လက်ခံသွားမယ်လို့ပြောတယ်။ တနှစ်တခါအနည်း ဆုံးတွေ့ဆုံဖို့လည်း အဲဒီအစည်းအဝေးမှာ သဘောတူထားကြတယ်” ဟု ဆို၏။

သျှမ်းပြည်ကွန်ကရက်ဖြစ်မြောက်ရေး အစည်းအဝေးသို့ လားဟူ LDU မှ ကျဘိုးလုံ၊ ပအိုဝ်း PNLO မှ ခွန်သူရိန် နှင့် ခွန်ဆွဲထို၊ TCC မှ စိုင်းပိုန်ဖှာ့ နှင့် နန်းဆိုင်နောင့်၊ ၀အမျိုးသားအဖွဲ့ WNO မှ တာ့အိုက်ညွန့်တို့ တက်ရောက် ခဲ့ကြသည်ဟုဆို၏။
Last Updated ( ဗုဒ္ဓဟူးနေ့၊ 24 ဒီဇင်ဘာလ 2008 )  

RSS ဖတ်ရန်

RSS ဖတ်ရန်

 သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။ 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
 
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ဂွဏ်းခေါ် ဒီဇင်ဘာ ၂၀၀၉

Download [pdf]