သျှမ်းသံတော်ဆင့်

    သောကြာနေ့၊ စက်တင်ဘာလ၊ ၃ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

နယ်စပ်၌ နအဖစစ်အင်အားတိုးချဲ့ ၀တပ်ဖွဲ့နှင့် အပြိုင်ဂိတ်ကြေးကောက်

E-mail Print
သျှမ်းပြည်တောင်ပိုင်း ထိုင်း-မြန်မာနယ်စပ်အမှတ် ၂ BP2  ၌ နအဖစစ်တပ်  စစ်အင်အား တိုးချဲ့ချထားပြီး ၀တပ်ဖွဲ့ နှင့်အပြိုင် ထိုင်း-မြန်မာ အ၀င်အထွက် ခရီးသွားများထံမှ ဂိတ်ကြေးကောက်နေကြောင်း နယ်စပ်သတင်း ရပ်ကွက် က ဆိုပါသည်။

ယခုလ ၁၆ ရက်နေ့က နအဖစစ်တင်အားအယောက် ၃၀ ခန့် BP2 ၀ဂိတ်နှင့် ၄ ကီလိုမီတာခန့်အကွာ နမ့်လုအနီး တောင်ခြေတွင် ဂိတ်ဆောက်၍ အ၀င်အထွက် လူ - ဆိုင်ကယ်သမားများအား ဂိတ်ကြေးကောက်ကြောင်း၊ ထို မတိုင်ခင်ကလည်း နမ့်လု၌ ၀ တပ်ဖွဲ့နှင့်  ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုရှိခဲ့ကြောင်း၊ မိမိနှင့်ပစ်ခတ်နေသူမှာ နအဖ စစ်တပ်ဖြစ်ကြောင်း သိလျှင်သိချင်း ၀တပ်ဖွဲ့က တပ်ဆုတ်ခဲ့ကြောင်း၊ တိုက်ပွဲတွင် သေကြေဒဏ်ရာရသူမရှိခဲ့ ကြောင်း နယ်စပ်ရောက် ဆိုင်ကယ်ကယ်ရီသမား တစ်ယောက်က ပြောပြသည်။ သို့သော် တိုက်ပွဲနှင့်ပါတ်သက်၍ သျှမ်းသံတော်ဆင့်အနေဖြင့် သီးခြားအတည်ပြုနိုင်သေးခြင်းမရှိပါ။  

“ ၁၅ ရက်နေ့က ပုံပါကျင်အခြေစိုက် ဗျူဟာမှူး ဒုဗိုလ်မှူးကြီး ကျော်သူ လုံခြုံရေးအင်အား ၃၀ လောက်နဲ့ နအဖ လွယ်ပါခီးတပ်စခန်းကို ရောက်လာတယ်။ ဖိုးဝှီးကား ၄ စီးစာပေါ့။ အဲဒီမှာ အတတ်နိုင်ဆုံး ၀ တပ်ဖွဲ့တွေနဲ့ ပြဿနာ မဖြစ်အောင်နေပါလို့ မှာသွားတယ်- တဲ့။ ၁၆ ရက်နေ့ရောက်တော့ ၀မ့်မိုင်မူးဆေး(လားဟူရွာ) လွယ်ပါခီး ဂိတ်က လားဟူပြည်သူ့စစ်ဂိတ်စောင့်တွေကို နားကောင်းမူးပြန်သွားဖို့ ဖိအားပေးသေးတယ်ဆိုဘဲ။ အဲဒီဂိတ်မှာလဲ  လားဟူပြည်သူ့စစ်ဂိတ်စောင့်တွေက တစ်ယောက် ဘတ် ၃၀၀ ကောက် တယ်။ ဆိုင်ကယ်တစ်စီး ဘတ် ၅၀၀ ကောက်တယ်။ ဒါပေမဲ့ နအဖတပ်စခန်းကို သူတို့တစ်ဝက်ပြန် ပေးရတယ်” ဟု အဆိုပါ ဆိုင်ကယ် ကယ်ရီကပြော ပြ၏။

လားဟူပြည်သူ့စစ်များ ကိုယ်တိုင်ကလည်း ဆိုင်ကယ်ကယ်ရီလုပ်နေသည်ဟု သိရ၏။

အတည်အခြေချခြင်းမရှိသေးသော်လည်း နအဖတပ်ဖွဲ့တို့ ကင်းတဲဆောက်အခွန်ကောက်သော ဂိတ်မှာ ထိုင်းနိုင်ငံ မိုင်းဖှန် အသွားလမ်း ( သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့အရှေ့တောင်ဘက် မိုင် ၃၀ ခန့်အကွာ) BP2  ၀ ဂိတ်နှင့် တစ်တောင်တည်းတွင်ရှိနေသဖြင့်  ယခင်ကထက် ဂိတ်ကြေး ၂ ဆ ကုန်ကျသည်ဟုဆိုကာ ခရီးသွားများ သိသိသာသာ စဲသွားသည်ဟုဆို၏။

“ ရှိရင်းစွဲ BP2 ၀ ဂိတ်မှာ လူတစ်ယောက် ဘတ် ၃၀၀ ကောက်တယ်။   အခု  အသစ်ရောက်လာတဲ့ နအဖဂိတ် ကလည်း လူတစ်ယောက်ဘတ် ၃၀၀ ကောက်ပြန်တယ်  ဆိုတော့ BP2 ဂိတ်မှာ တင် လူတစ်ယောက်ဘတ် ၆၀၀ ကုန်ကျနေပြီ။ ဆိုတော့ အသွားအလာ တော်တော်လေးကိုစဲသွားတယ်ပြောရမှာပေါ့။ ဒီကိစ္စကို အခု လောလော ဆယ် နှစ်ဦးနှစ်ဘက် ဆွေးနွေးနေတုန်းဘဲတဲ့” ဟု ၄င်းက ဆက်ပြောပြ၏။

“ကြည့်ရတာ နအဖစစ်တပ်က ဂိတ်ကြေးတွေကို သူဘဲကောက်စားမယ်ဆိုတဲ့ပုံ။ အဲဒါကြောင့် ၀ တို့ လားဟူတို့ကို တပ်ဆုတ်ဖို့ လာပြောတာ” ဟု ၀တပ်ဖွဲ့နှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးကပြောပြ၏။

ယခုလဆန်းပိုင်းက ၆ ဘီးကား ၃ စီးစာရှိ ခလရ ၂၇၇ မှ အင်အား ၇၀-၈၀ ခန့်ကလည်း ထိုင်းနိုင်ငံ ၀ိန်းဟိုင်မြို့ နယ် ပိန်းလုံ-လတ်တိုင် နှင့်မျက်နှာချင်းဆိုင် မိုင်းတော့- မိုင်းထားဘက်သို့ ဆင်းသွားရာ ကားတစ်စီးမှ ပြန်မလာ သေးကြောင်း ဒေသခံများထံမှ သိရသည်။
 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ကွဏ်းခေါ် သြဂုတ်လ ၂၀၁၀

Download [pdf]