ဝ ပြည်သွေးစည်းရေး တပ်မတော် ခေါင်းဆောင် ပေါက်ယူချမ်း နှင့် နအဖ ကိုယ်စားလှယ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့် တို့ တန့်ယန်း၌ တွေ့ဆုံ ဆွေးခဲ့သော်လည်း အပေါင်း လက္ခဏာမဆောင်ဘဲ စစ်ရေးအပြိုင်ဖြည့်တင်းလာ ခဲ့သည်။ “နအဖ ခြိမ်းခြောက်ထားတဲ့အတိုင်း တကယ် လုပ်မယ်ဆိုရင် ဒီလ 15 ရက် နောက်ပိုင်း တိုက်ပွဲ ဖြစ်နိုင်တယ်” - ဟု ၀စစ်ဘက် ရေးရာ အရာရှိ တဦးကပြော၏။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် စာရေးတယ်လို့ကြားရတယ်။ ဘာအကြောင်း ကိစ္စတွေ ပါသလဲ။