Shan Herald Agency for News (S.H.A.N.)

စီးပွားရေးကျဆင်းမှု့ဒဏ် ဗမာစစ်တပ် မရူ့မလှခံနေရ

E-mail Print
မြန်မာပြည်တွင် ယာဉ်ထိန်းပုလိပ်က ယာဉ်များကိုရပ်ခိုင်း၍ ငွေတောင်းယူခြင်းကို အဆန်းတကျယ်အဖြစ် သဘောမထားကြ သော်လည်း စစ်တပ်မှတပ်ထိန်းများက ယာဉ်များကိိုတားဆီးကာ ငွေတောင်းယူသည်ကိုတော့ ထူးဆန်းမှု့တစ်ခုအဖြစ် မြင်တွေ့ ကြရမည်ဖြစ်သည်၊၊

ယခုအဖြစ်အပျက်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အခြေဆိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းတွင်ဖြစ်သည် ယခုရက်ပိုင်းကမှ မြောက်ပိုင်းတိုင်း တပ်နယ်မြေအတွင်း လေယာဉ်ကွင်းရှေ့ဘက်နားရှိ မြစ်ကြီးနား-မန္တလေးသွားကားလမ်းမပေါ် တွင် တပ်ထိန်းဂိတ် နေရာ(၃)နေရာ ဖွင့်ကာ ဖြတ်သွားဖြတ်လာ ယာဉ်ကြီးယာဉ်ငယ်မှန်သမျကို တစ်စီးလျင် ကျပ်(၅၀၀) နူန်း ကောက်ခံ နေသည်၊၊

ဂိတ်ဖွင့်ထားသည့် လမ်းက အချက်အခြာကျသည် မြန်မာပြည်အလယ်ပိုင်း မန္တလေးမြို့သာမက မြောက်ဖျားပိုင်းတနိုင်းနှင့် မိုးညှင်း မိုးကောင်း ဖားကန့် ရွေဘိုမြို့များကိုပါ ခရီးပေါက်သဖြင့် တစ်ရက်လျင်ယာဉ်ကြီးယာဉ်ငယ် အစီးပေါင်း ရာနှင့်ချီဖြတ်သွားကြောင်း ဒေသခံများကပြောသည်၊၊

တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း ထိုသို့ဂိတ်ဖွင့်ငွေကောက်စားနေသဖြင့် အမိန့်အရ တရားဝင်ကောက်ခံနေခြင်းဖြစ်ပုံရသည်ဟု ဒေသခံများက ယူဆကြသည်၊၊

ထိုအချင်းအရာကိုကြည့်ပြီး ခြစားယိုယွင်းနေသည့် နအဖအုပ်ချုပ်ရေးယနœရားကြီးတစ်ခုလုံးအပေါ် ယခုဖြစ်စဉ်များသည် သာမန်မျှ သာဖြစ်သည်ဟု ယူဆမည် ဆိုပါကယူဆနိုင်ပြီး နအဖအောက်ခြေရှိ တပ်ရင်းတပ်ဖွဲ့များသည် ကိုယ့်ပြသနာကို ကိုယ်တာဝန်ယူ ဖြေရှင်းရသည့် အနေအထားက ယခင်ကတည်းကရှိခဲ့သည်ဟု စောဒကတက်စရာရှိသည့်တိုင် ၄င်းအခြေအနေအား စစ်တပ် အတွင်း ငွေကြေးဆိုင်ရာအကြပ်အတည်း ဖြစ်ပေါ်နေသည့် ပြယုတ်တစ်ခုအဖြစ် ရူ့မြင်သူများလည်းရှိသည် ၊၊

မကြာသေးမှီကမှ နအဖသည် နာဂစ်မုန်တိုင်းဘေးသင့်ဒုက္ခသည်များရံပုံငွေအတွက်ဟု ဆိုကာ နယ်စပ်ဒေသများမှ တရားမဝင် ခိုးသွင်းလာသည့် မော်တော်ဆိုင်ကယ်များကို တရားဝင်လိုင်စင်များ ပြုလုပ်ပေးခြင်းနှင့်ဖမ်းဆီးရမိသည့် မော်တော်ကားများအား လေလံတင်ရောင်းချ၍ အခွန်ဘÀာကိုဖြည့်တင်း နေခြင်းက ၄င်းတို့၏ ငွေကြေးလိုအပ်ချက်ကို ဖေါ်ထုတ်ပြသလိုက်သည်၊၊

ယခုအခါ ထိုငွေရေးကြေးရေးအကြပ်အတည်းများသည် အောက်ခြေတပ်တွင်းမိသားစုများ၏ စားဝတ်နေရေးကို ရိုက်ခတ်လာပြီ ဖြစ်ကာအခက်အခဲ ပိုမိုကြံုတွေ့ လာရသဖြင့် ထုတ်ပြန်ထားသည့် အမိန့် စည်းမျဉ်းစည်းကမ်းနှင့်တာဝန်ဝတ္တရားများကို စိတ်ဝင်စား နိုင်ခြင်း မရှိကြတော့ပဲ ပြင်ပဝင်ငွေရပေါက်ရလမ်းများကိုသာ ရှာကြံနေရသည်ဟု စစ်အရာရှိများနှင့်စီးပွားရေး အတူလုပ်နေသူ တစ်ဦးက ပြောသည်၊၊

တစ်လလျင် စစ်သားတစ်ဦးအတွက် ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်းနူန်း ထောက်ပံ့နိုင်ရန်အထက်ဌာနများက အတင်းအကြပ်
ဖိအားပေးထောက်ပံ့ခိုင်းနေသော်လည်း ၀င်ငွေရသည့် စီးပွားရေးလုပ်ငန်းများက အရင်လောက်မကောင်းတော့သဖြင့် ထောက်ပံ့နိုင် ရန် အခက်အခဲများရှိနေသည်ဟု ဆိုသည်၊၊

တပ်ရင်းရံပုံငွေရရှိစေရန် စစ်သည်တချို့ကို အပြင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုထားရပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရသူက
တစ်လလျင် ကျပ်(၃)သိန်းမှ(၅)သိန်းကြား တပ်ရင်းမှူးအားပေးသွင်းရပြီး တပ်ရင်းမှလည်း ရင်းရံပုံငွေထည့်ဝင်ရန် အာမခံချက် ပေးနိုင်သူများကို အပြင်စီးပွားရေးလောကတွင် လုပ်ငန်းများလုပ်ပိုင်ခွင့် ပေးထားရသည်၊၊

တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည် များသည် ၄င််းတို့လစာငွေထဲမှ လစဉ်ရာခိုင်နူန်းအချိုးကျဖြတ်တောက်ခံကြရကာ စစ်တပ်ပိုင် ဦးပိုင်လီမိ တက်သို့ ထည့်ဝင်ကြရသော်လည်း တပ်ရင်းရံပုံငွေကိုမူ တပ်ရင်းများကိုယ်တိုင်ရှာကြံကြရခြင်းဖြစ်သည် ၊၊ အဓိက ၀င်ငွေ ရသည့် လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများကို မဖြစ်မနေလုပ်ကြရပြီး မီးသွေးဖုတ်ထင်းခုတ်ဝါးခုတ် စသည့် လုပ်ငန်းများ ကိုပါ၀င်ငွေ ရရှိရန် အလို့ငှာ လုပ်ကိုင်ကြရသည် ၊၊

တပ်မိသားစုများကလည်း အားအားမနေရတော့ပဲ ပြင်ပဝင်ငွေရသည့်လုပ်ငန်းများဖြစ်သည့် (ပင်မင်း)အဝတ်လျော်ခြင်း သန့်ရှင်းရေး လုပ်ခြင်း စျေးရောင်းခြင်းများ အိမ်ဖေါ်လုပ်ခြင်းများ လုပ်ကိုင်ခိုင်းလာရသည် ၊၊ ထိုသို့ပင်ပန်းဆင်းရဲကြီးစွာလုပ်နေရသည့် တိုင်ဝမ်း မဝခါး မလှနိုင်ပဲ ဖြစ်နေကြရသည်၊၊

မြစ်ကြီးနား-မန္တလေး မီးရထားလမ်းတစ်လျောက်ရှိ တပ်ရင်းတပ်ဖွဲ့များမှ စစ်သည်မိသားစုများသည် ဒေသခံများ၏ ကျွဲနွားများကိုခိုးယူ သတ်ဖြတ်် စားသောက်ကြကာ တချို့ကအသားခြောက်များလှမ်း၍ မြစ်ကြီးနားစျေးကြီးတွင် ဆတ်သားခြောက် ဟု လိမ်လည် ရောင်းချသည် အထိ သောင်းကျန်းလာကြသည် ၊၊

ယခုပို၍ သိသာလာသည်က တရားမဝင်မှောင်ခိုကုန်ပစ္စည်းများ တင်သွင်းမှု့တွင် ဗိုလ်မှူးအဆင့်များကိုယ်တိုင် ပါ၀င်လုပ်ကိုင်လာကြ
သည် ထော်လာဂျီ ဆိုင်ကယ် ၀စ်သောက်ကား စက်ပစ္စည်းများအပြင် ကျောက်စိမ်း သစ်နှင့်အခြားကုန်ပစ္စည်းမျိုးစုံခိုးသွင်းခိုးထုတ် ရာတွင် ယခင်က အရပ်သားကိုယ်စားလှယ်များက လမ်းကြောတစ်လျောက် ဂိတ်အသီးသီးကို တာဝန်ခံညှိပေးသည့်လုပ်ငန်း နေရာတွင် ယခုစစ်ဘက်အရာရှိများကိုယ်တိုင် လုပ်ကိုင်လာကြခြင်းဖြစ်သည်၊၊

ဗိုလ်မှူးများ မှောင်ခိုလောကတွင်နေရာဝင်ယူလာသဖြင့် ယခင်မှောင်ခိုလုပ်ငန်းဖြင့် စားပေါက်ချောင်ခဲ့သည့် အရပ်သားစီးပွားရေး လောကသားများ ဘုံပျောက်ဘဝရောက်သွားကြလေပြီ မှောင်ခိုစစ်တပ်အရာရှိများက လမ်းကြောရှင်းရာတွင် ၀န်ထမ်း အချင်းချင်း ဖြစ်သည်ကတစ်ကြောင်း စစ်ဘက်ပါ၀ါရှိသည်ကတစ်ကြောင်း ပို၍အဆင်ပြေ ချောမွေ့ကြောင်းလည်း သိရသည်၊၊

တရုတ်ထော်လာဂျီတစ်စီး မနœလေးထိသွားမည်ဆိုလျင် မြန်မာကျပ်ငွေသိန်း(၂၀)ခန့်ပေးကျွေးရကြောင်းလည်း စီးပွားရေးသမားများ က ပြောသည်၊၊ ထိုသို့ အပြင်စီးပွားရေးလောကနှင့်ထိစပ်လာသည့် စစ်ဗိုလ်စစ်သားများက တပ်တွင်းတွင်ကျန်ရစ်ခဲ့ကြသည့် ဘဝတူစစ်သားများနှင့် အစစအရာရာ ကွာခြားသွားကြသည် ဘီယာလေးတမျှမျှ မိုဘိုင်းဖုန်းတကားကားလုပ်ကာ အလုပ်ကို လက်ကြောတင်းအောင် မလုပ်လိုသူများဖြစ်လာပြီး ရရှိသည့်ဝင်ငွေဖြင့် ပြင်ပလောကတွင် တိုက်ဆောက် စီးပွားရေးလုပ်ငန်းများ ထူထောင် ထားကြသည် ၊၊

အထက်ဌာနများနှင့် နားလည်မူ့ယူ၍ စီးပွားရေးလုပ်ကိုင်ခွင့်ရသူများက ပေါ်ပေါ်ထင်ထင်လုပ်ကြသလို လုပ်ပိုင်ခွင့်မရှိသူများကလည်း အောက်လမ်းနည်းဖြင့် ၀င်ငွေရှာကြသည် ၊၊သစ် နွား ဘိန်းမှောင်ခိုသမားများနှင့် ရွေကျင်းကျောက်ကျင်းများတွင် တရားမဝင် အခွန်များ နည်းမျိုးစုံနှင့် ကောက်ခံကာ စစ်အရာရှိတချို့သည် ကျိကျိတက်ချမ်းသာနေကာ ရာထူးစည်းစိမ်တွင် အဆီယစ် နေကြတော့သည် ၊၊

နယ်စပ်ဒေသများရှိ အောက်ခြေစစ်သည်များကတော့ တရုတ်နယ်စပ်မှလာသည့် ကုန်ကားကြီးများ ထော်လာဂျီများ ဆိုင်ကယ် သမားများနောက်သို့ အုပ်စုဖွဲ့၍ ရှေ့မှတစ်မျိုး နောက်မှတသွယ် လိုက်လံငွေတောင်းရမ်းကြရသည် ၊၊တပ်တွင်းတချို့မိသားစုများက
တော့ ဘော်လုံးပွဲ ၂လုံး ၃လုံးဟုခေါ်သော လောင်းကစားများတွင် ဒိုင်ခံခြင်း ကိုယ်စားလှယ်လုပ်ခြင်းဖြင့် ၀င်ငွေရှာကြရသည်၊၊


စစ်တပ်ထိပ်တန်းခေါင်းဆောင်များဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွေအပါအဝင် နအဖစစ်ကောင်စီဝင်ဆွေမျိုးမိသားစု အသိုင်း အဝိုင်းက တစ်နိုင်ငံလုံး၏ စီးပွားရေး လုပ်ငန်းကြီးများကို လက်ဝါးကြီးအုပ်ဝါးမြိုထားသဖြင့် တိုင်းပြည်နှင့်ပြည်သူလူထု တစ်ရပ်လုံး က မွဲတေဆင်းရဲတွင်းနက်နေသည့်တိုင် ၄င်းတို့က မတရားရယူထားသည့် ရာထူးစည်းစိမ်တွင် ဇိမ်တွေ့လျက်ရှိနေကြသည် ၊၊

စစ်ဗိုလ်ချုပ်များ၏ အာဏာကို အကာအကွယ်ပေးရန် အဓိကထောက်တိုင်အဖြစ်သတ်မှတ်ခြင်းခံထားရသည့် အောက်ခြေ တပ်သားထုနှင့်မိသားစုများမှာ စစ်သူတောင်းစားများဘဝ ရောက်ရှိသွားသည့်တိုင် စစ်ဗိုလ်ချုပ်ကြီးများကတော့ တိုင်းပြည် စီးပွား ရေး တိုးတက်နေကြောင်း ဆက်လက်လိမ်ညာဝါဒဖြန့်နေဆဲဖြစ်သည် ၊၊






 

VCD news on January 2012

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။