သျှမ်းသံတော်ဆင့်

    သောကြာနေ့၊ မတ်လ၊ ၁၂ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

ကာကွယ်ရေး တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်ချုပ် မြ၀င်း အငြိမ်းစားယူ

E-mail Print
မန္တလေးတိုင်း ပြင်ဦးလွင်မြို့(မေမြို့)၌ ဖွင့်လှစ်ထားသော နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် မှ ကျောင်းအုပ် ကြီး ဗိုလ်ချုပ်မြ၀င်းသည်  မကြာသေး ခင်က ရာထူးမှ အနားယူလိုက်ကြောင်း စစ်ဘက်သတင်းရပ်ကွက် တစ်ခု အဆိုအရ သိရသည်။

ဇန္န၀ါရီလလယ်ပိုင်းက မြန်မာစစ်တပ်အတွင်း အလယ်အလတ်အဆင့်ရှိ တပ်မှူးများ ရာထူးနေရာ အပြောင်းအ လဲပြုလုပ်သည့် တစ်ချိန်တည်းတွင် ၄င်းအား လက်ရှိတာဝန်မှ နူတ်ထွက်ခွင့်ပြုလိုက်ရာ ယခုအခါ တာဝန်မှ အနား ယူသွား ခြင်းဖြစ်သည်။

ထိုစဉ်က မြန်မာစစ်တပ်အတွင်း ရာထူးနေရာ အပြောင်းအလဲများ ပြုလုပ်ခဲ့ရာတွင် ဗိုလ်မှူးကြီးနှင့် ဒု-ဗိုလ်မှူးကြီးအချို့အား နည်းဗျူဟာမှူးများ အဖြစ် လည်းကောင်း ဗိုလ်မှူးချုပ်  ၀င်းသိန်းအား အရှေ့မြောက်ပိုင်းတိုင်း စစ် ဌာနချုပ် ဒုတိုင်းမှူးအဖြစ် လည်းကောင်း ပြောင်းရွေ့စေခဲ့ခြင်းဖြစ်သည်။

၎င်းကိုယ်တိုင် နှုတ်ထွက်စာတင်ခဲ့ခြင်းကြောင့် ရာထူးမှအနားပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် လစ်လပ်သွားသည့် ကျောင်းအုပ်ကြီး ရာထူးတွင် အစားထိုးခန့်အပ်မှု အခြေအနေကိုမူ မသိရှိရသေးကြောင်း အဆိုပါ သတင်းရပ် ကွက် က ပြောသည်။

၂၀၀၉ခုနှစ်အထိ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်  အမှတ်စဉ် ၉ အထိ ဖွင့်လှစ်ခဲ့ရာ အဆိုပါ ကျောင်းဆင်း စစ်အရာရှိများသည် မြန်မာစစ်တပ်အတွင်း အဆင့်မြင့်နေရာများသို့ ရောက်ရှိနေကြောင်း သိရသည်။

အဆိုပါ ဗိုလ်ချုပ်မြ၀င်း အငြိမ်းစားယူခြင်း နှင့် ပတ်သက်၍  သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ဂွဏ်းခေါ် ဖေဖေါ်ဝါရီ ၂၀၁၀

Download [pdf]