ရှုပ်ထွေးသည့် ထိုင်းနိုင်ငံရေးအကြား အစိုးရဆန့်ကျင်ဆန္ဒပြမှုတိုင်းတွင် သျှမ်းရွှေ့ပြောင်းအလုပ်သမားများပါဝင် ပတ်သက်ခြင်းမရှိဟု သျှမ်းအလုပ်သမားခေါင်းဆောင်များပြောကြားသည်။
သျှမ်းအလုပ်သမားအသင်း Workers Solidarity Association WSA အဖွဲ့ ဥက္ကဌ စိုင်းဇွမ် က -“အိမ်ရှင်အချင်း ချင်းရန်ဖြစ် တာကို သွားပြီးလက်မလျှိုမိဖို့ အဓိကဘဲ။ ကျနော်တို့က ဧည့်သည်တွေလေ၊ ကျနော်သိသလောက် ထိုင်းနိုင်ငံရေးလှုပ်ရှားမှု ထဲ သျှမ်းအလုပ်သမားတွေပါဝင်တာမရှိပါဘူး၊ မရှိအောင်လဲတစ်လတစ်ခါအစည်းအဝေး ခေါ်ရှင်းလင်းတယ်၊ အလုပ်သမား တန်းလျားတွေဆီသွားပြီးကွင်းဆင်းဟောပြောတယ်၊ ပညာပေးတယ်” - ဟု ပြောပါသည်။

နိုဝင်ဘာ ၂၈ ရက် လက်ရှိထိုင်းအစိုးရဖြုတ်ချရေးလှုပ်ရှားမှုစတင်မည်ဟု မစ္စတာထက်ဆင်ကျောထောက်နောက်ခံပြုထား သည်ဟုဆိုသော ရှပ်အကျီင်္အနီဝတ်အဖွဲ့၏ ဆော်သြချက်သွေးထိုးမှုကြောင့် ဆန္ဒပြမှုတွင် မြန်မာပြည်မှ အလုပ်သမားများ ပါဝင်မည်ဆိုသည့် သတင်းထွက်ခဲ့၏။ ထို့ကြောင့် ထိုင်းဘုရင့်တပ်မတော် အမှတ် ၃ က ထိုင်းနယ်စပ် တလျှောက် လူအ၀င် အထွက် စောင့်ကြပ်စစ်ဆေးရန် ဗုဒ္ဓဟူးနေ့က ညွှန်ကြားထား၏။
“ကျနော်တို့တတွေ ထိုင်းနိုင်ငံကို မှီခိုပြီး ၀မ်းစာရှာရတာပါ။ အလုပ်ရှင်က ပိုက်ဆံ လေး-ငါးရာပေး၊ သွားခိုင်းလို့ ပြဿနာ ဖြစ်လာရင် ကိုယ်တယောက်ထဲအတွက်နဲ့ ရွှေ့ပြောင်းအလုပ်သမားများအားလုံးထိခိုက်နိုင်တယ်။ ငါးခုံးမတကောင်ကြောင့် တလှေလုံးမပုပ်ရလေအောင် အလုပ်သမားတွေကို ကျနော်တို့ အမြဲပညာပေးပါတယ်။” - ဟု Migrant Workers Foundation MWF ဥက္ကဌ စိုင်းအောင်ဌေးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

ထိုကိစ္စနှင့် ပတ်သက်၍ ထိုင်းအလုပ်သမားရေးရာဌာန ဒါရိုက်တာ မစ္စတာဂျီးရဆတ် ဆူခွန်းထချတ်က - မည်သည့်နိုင်ငံ ကလာသည့် ရွှေ့ပြောင်းအလုပ်သမားမဆို ထိုင်းနိုင်ငံရေးနှင့် ပါတ်သက်ခွင့်မရှိကြောင်း၊ ပတ်သက်ခဲ့ပါကထိုင်းနိုင်ငံလုံခြုံ ရေး ဥပဒေအရ ထိုင်းနိုင်ငံတွင်းနေထိုင်ခွင့်ရုပ်သိမ်းပြီး လာရင်းနိုင်ငံသို့ နှင်ထုတ် ပို့ဆောင်ခြင်းခံရမည်ဖြစ်ကြောင်း၊ ထို့အတူ အလုပ်ရှင်များကိုလည်း မိမိအလုပ်သမားများအား ဖြားယောင်းသွေးဆောင်စည်းရုံးခြင်း၊ပိုက်ဆံပေးငှားခြင်း ဖြင့် နိုင်ငံရေး လုပ်ရှားမှုထဲပါဝင်ခိုင်းခဲ့လျှင် ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေ ၁ သိန်း တပ်ခံရမည်ဖြစ်ကြောင်း ပြောဆိုသည်။
ချင်းမိုင်ရှိ သျှမ်းခေါင်းဆောင်တဦးက - ထိုင်းနိုင်ငံရောက် သျှမ်းရွှေ့ပြောင်းအလုပ်သမားများသည်မိမိနေထိုင်စား သောက်ရေး အတွက်သာ တ၀မ်းတခါး လုံးပမ်းနေရသဖြင့် ထိုင်းနိုင်ငံရေးကို စိတ်မ၀င်ကြကြောင်း၊အကယ်၍ ပါဝင်ခဲ့ပါကလည်း ထိုင်း အလုပ်ရှင်၏ ဖိအားပေးခြင်း၊ ဖျားယောင်းသွေးဆောင်စေခိုင်းခြင်းကြောင့်ဖြစ်သည်ဟု ပြောပါသည်။

ရွှေ့ပြောင်းအလုပ်သမားအရေးစိုးရိမ်နေချိန်တွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၄ ရက်အထိ အစိုးရဖြုတ်ချရေး ရှပ်အကျီင်္ အနီဝတ်အဖွဲ့၏ အစီအစဉ်လည်း ထိုင်းဘုရင်မင်းမြတ်မွေးနေ့တော်(ဒီဇင်ဘာ ၅ ရက်) နှင့်တိုက်ဆိုင်နေ သဖြင့်လည်းကောင်း၊ အစိုးရကြေငြာထားသည့်အရေးပေါ်ပြည်တွင်းလုံခြုံရေးအက်ဥပဒေကြောင့် လည်းကောင်း၊ ၀န်ကြီးကြီးချုပ်ဟောင်းထက်ဆင် က အချိန်အခါမဟုတ်သေး၍ အစီအစဉ်ရွှေ့ဆိုင်းထားဖို့မေတ္တာရပ်ချက်အရ လည်းကောင်း အုံကြွဆန္ဒပြမှုကို ရက်အကန့် အသတ်မရှိ ရွှေ့ဆိုင်းထားသည်ဟု သိရပါသည်။




