သျှမ်းသံတော်ဆင့်

    ဗုဒ္ဓဟူးနေ့၊ မတ်လ၊ ၁၀ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

တရုတ် နယ်စပ် ခရီးသွား လက်မှတ်လုပ်ခ သတ်မှတ်ကြေးထက် ၂ ဆ ပိုယူ

E-mail Print

တရုတ်နယ်စပ် ကျယ်ဂေါင် - မူဆယ်(သျှမ်းပြည်) အ၀င်အထွက်ဂိတ်မှ မြန်မာဝန်ထမ်းများက ခရီးသွားများထံမှ နယ်စပ် ခရီးသွားလက်မှတ်လုပ်ခကို သတ်မှတ်နှုန်းထက် ပိုမိုတောင်းယူနေကြောင်း  ခရီးသွားများထံမှ တဆင့် စုံ စမ်းသိရသည်။

တရုတ်ဘက်ခြမ်းသို့ သွားမည့် မြန်မာနိုင်ငံသားများအတွက် ထုတ်ပေးသော နယ်စပ်ခရီးသွား လက်မှတ်များမှာ   ရက်သတ္တတစ်ပတ်ကြာလျှင် သက်တမ်းကုန်ဆုံးသော   ယာယီလက်မှတ်နှင့် တစ်နှစ် အထိ အသုံးပြုခွင့်ရှိသော လက်မှတ်ဟူ၍ ၂ မျိုးရှိကြောင်း သိရသည်။

အဆိုပါ တစ်နှစ်အထိအသုံးပြုနိုင်သော ခရီးသွားလက်မှတ် ဒေသခံများအခေါ် (စာအုပ်အနီ) ပြုလုပ်ခ သတ်မှတ် ဈေးမှာ ကျပ်ငွေ ၂၅၀၀ သာရှိသော်လည်း ၀န်ထမ်းများက အနည်းဆုံးကျပ်ငွေ ၆၀၀၀ အထိ တောင်းယူနေ ကြောင်း သိရသည်။

“ကျနှော်တို့ ဗမာအချင်းချင်း အမြဲသွားနေတဲ့လူတောင်မှ အခုက ၆၀၀၀ တောင်းတယ် ကျနှော်မနေ့ကမှ သွားလုပ်ခဲ့တာ တခြားအကြောင်းမသိတဲ့သူဆို ၁၀၀၀၀ အထိတောင်းတယ်ဗျ မူဆယ်ဂိတ်က ၀န်ထမ်းတွေက ကျနှော်တို့ခါတိုင်းက ၃၅၀၀တောင်းတာ ” လို့ အ၀င်အထွက်အမြဲ လုပ်နေသူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

 “စာအုပ်အနီက မူဆယ်မှာ အိမ်ထောင်စုစာရင်းရှိတဲ့သူမှထုတ်ပေးမယ် ဆိုပြီး အရင်တုန်းက ပြောင်းလိုက်သေးတယ် အခုနောက်ပိုင်းတော့ အိမ်ထောင်စုစာရင်းမရှိလည်း ရပ်ကွက်ထောက်ခံစာနဲ့လုပ်ပေးပါတယ် ထောက် ခံစာမပါရင်တော့ ထုတ်မပေးဘူး ထောက်ခံစာပြ မှတ်ပုံတင်ပြပြီး ဂိတ်မှာစာအုပ်လုပ်ရတာ ” လို့  သူက ဆက် ပြောသည်။

သျှမ်းပြည်မြောက်ပိုင်း-တရုတ်နယ်စပ်ခရီးသွားလက်မှတ်ကိုင်ဆောင်သူများသည် တရုတ်ဘက်ခြမ်း တေဟုန်ခရိုင် အတွင်းရှိ ရွှေလီ ၊ ရင့်ကျန်း ၊ မန်စီ ၊ ကျန်းဖုန်း စသည့်နယ်စပ်မြို့များတွင် တစ်ပတ်ကြာလည်ပတ်သွားလာခွင့် ပြုထားပြီး တပတ်ကြာလျှင် သက်ဆိုင်ရာဂိတ်တွင် တံဆိပ်တုံးပြန်လာထုရသည်။

သျှမ်းပြည်မြောက်ပိုင်း မူဆယ် မှ တရုတ်ဘက်ခြမ်းသို့  နေ့စဉ် အ၀င်အထွက် သွားလာသူ ၅ထောင် အထက် တွင်ရှိကြောင်း သိရသည်။

ရက်သတ္တတစ်ပတ်သာ အသုံးပြုခွင့်ရှိသော ယာယီခရီးသွား လက်မှတ် ဒေသခံများအခေါ် (အပြာရောင်ကဒ်ပြား) မှာ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ရယက ဥက္ကဌ ထံမှ ထောက်ခံစာမလိုပဲ မှတ်ပုံတင်ရှိလျှင် ပြုလုပ်ပေးပြီး ကျပ် ၁၀၀၀ ပေးရကြောင်း  သိရသည်။

 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ဂွဏ်းခေါ် ဖေဖေါ်ဝါရီ ၂၀၁၀

Download [pdf]