သျှမ်းသံတော်ဆင့်

    သောကြာနေ့၊ စက်တင်ဘာလ၊ ၃ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

နယ်လှည့်စစ်ကြောင်း မှာယူစားသောက်သမျှ ရပ်ရွာလူထုလိုက်ရှင်းပေးရ

E-mail Print
သျှမ်းအပစ်ရပ် ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးလက်လူထုဈေးဆိုင်/စားသောက်ဆိုင်များ၌ အစိုးရစစ်တပ်နယ်လှည့် စစ်ကြောင်း ကြိုက်သလောက် မှာယူစား သောက်ပြီး ရွာသူကြီးများအား ပိုက်ဆံလိုက်ရှင်းပေးခိုင်းကြောင်း သျှမ်းပြည် အလယ်ပိုင်းသတင်း ရပ်ကွက်ကဆိုသည်။

ဧပြီလယ်ပိုင်းကစပြီး ဂျူလိုင်လဆန်းပိုင်းအထိ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ မိုင်းရယ်မြို့နယ်တ၀ိုက် နယ်လှည့်သော မိုင်းရှူး အခြေစိုက် ခလရ ၁၃၁ တပ်ရင်း ဗိုလ်ကြီးသိန်းညွန့် ဦးဆောင်သည့် အင်အား ၁၂ ယောက်ပါ စစ်ကြောင်းတ ကြောင်းသည် မိုင်းနောင်- မိုင်းရှူးလမ်းခွဲရှိ စားသောက်ဆိုင်များ၌ အကြိမ်ကြိမ်ဝင်ရောက် မှာယူစားသောက်ပြီး ပတ်ဝန်းကျင်ရွာများမှ ကျေးရွာသူကြီးများအား ကျသင့်သမျှပေးချေခိုင်းကြောင်း အမည်မဖေါ်လိုသည့် ဒေသခံတဦး က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“အဲဒီလမ်းခွဲက ခရီးတထောက် နားတဲ့နေရာလေ၊ စားသောက်ဆိုင် ၅-၆ ဆိုင်ရှိတယ်၊ အဲဒီဘက်နယ်လှည့်နေ တဲ့စစ်ကြောင်း (ခလရ ၁၃၁) မကြာခဏလာနားပြီး သူတို့ကြိုက်တဲ့ သားငါးအရက် မှာယူစားသောက်တယ်။ ပိုက်ဆံဘယ်တော့မှ မရှင်းဘူး၊ ကျနော်တို့ ရွာသားတွေဆီ သူကြီးက လိုက်ကောက်ပြီး သွားရှင်းပေးရတယ်”- ဟု ဆို၏။

အဆိုပါလမ်းခွဲနီး တ၀ိုက်ရွာများမှာ - ဟိုင်းပါ၊ ၀မ်ဆော့၊ နားပယ်၊ ၀မ်ဟောင်၊ ၀မ်ကွန်၊ နောင်ခစ်၊ နားဖီရွာတို့ဖြစ်သည် ဟုဆို ၏။ “ကျနော်တို့ ပိုက်ဆံလိုက်ရှင်းပေး ရတာ ၄-၅ ခေါက်ရှိပြီ၊ အခုနောက်ဆုံး တခေါက်ဆို ၃ သောင်းခွဲလောက် ကျတယ်” - ရွာသူကြီးတဦးမှပြောကြောင်း ၎င်းင်းနှင့်နီးစပ်သူက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေးလေ့လာသူ ပုဂ္ဂိုလ်တဦးက -“အဲဒီဒေသက မြောက်ပိုင်း SSA အပစ်ရပ်အဖွဲ့ တပ်မဟာ ၁ ထိန်းချုပ် နယ် မြေလေ၊ စစ်အစိုးရတပ် အခုလိုမျိုး သူတို့သြဇာကျအောင် ခြေထောက်တက်နင်းတာကို သူတို့ဘာမှ မတတ်နိုင် ဘူး ဆိုတော့ လူထုလဲ အားကိုးရာမဲ့ဖြစ်တာပေါ့။ အဲဒီအခြေအနေကိုကြည့်ရင် စစ်အစိုးရက သူ့ရဲ့စစ်တပ်ကို ဗိုက်ဝ အောင် မကျွေးနိုင်ဘူး။ သေနတ်ကိုင်ပြီး ရှာစားခွင့်ပေးထားတဲ့သဘောဘဲ” ဟု ဆို၏။

ထို့အထူ ခလရ ၆၇ ယာယီတပ်ရင်းမှူး နေ၀င်းထွန်းကလည်း မိုင်းရယ်မြို့နယ် ဟိုယ ကျေးရွာအုပ်စုဝင် ကျေးရွာ ၁၂ ရွာမှ ထော်လာဂျီ ၂၂ စီးအပေါ် အချိန်ဇယားနှင့် နေ့တိုင်းအလှည့်ကျ ချောဆွဲနေကြောင်း၊ တရက်ပျက်ကွက်လျှင် ကြီးလေးသည့် ပစ်ဒဏ်ပေးမည်ဟုလည်း ခြိမ်းခြောက်ထားကြောင်း ဆိုပါသည်။
 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ကွဏ်းခေါ် သြဂုတ်လ ၂၀၁၀

Download [pdf]