သျှမ်းသံတော်ဆင့်

    သောကြာနေ့၊ စက်တင်ဘာလ၊ ၃ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

တင်းမာလာသည့် အနေအထားကြောင့် တောင်ပိုင်း ၀ တပ်နှင့် နအဖ တပ်ပစ်ခတ်လုနီးနီး

E-mail Print
လတ်တလော ၀ တပ်ဖွဲ့နှင့် စစ်အစိုးရတပ်တို့အကြား တင်းမာလာသည့်အခြေအနေကြောင့် နှစ်ဖက်အောက်ခြေတပ်များ ပစ်ခတ်လုနီးဖြစ်ပြီး မိမိတို့တပ်ဖွဲ့များသွားလာရေး အနှောင့်အယှက်ဖြစ်ရသည်ဟု ၀ တပ်မှူးတဦးက ပြောဆိုသည်။

မေ ၃၁ ရက် က တောင်ပိုင်း ၀ တပ်ဖွဲ့၏ ဖိုးဝှီး ကား ၇ စီး၊ လူအင်အား ၃၀ ခန့်  တာချီလိတ်သို့ စားနပ်ရိက္ခာသွားရောက် ၀ယ် ယူပြီး (မိုင်းဆတ်မြို့တောင်ဘက်ဝမ့်ဟုန့် တပ်စခန်းနှင့် မိုင်းတုံမြို့တောင်ဖက်ဟွေ့အော့ တပ်စခန်းသို့) အပြန် - ခရီး တ၀က်၌ နအဖ လမ်းကင်းစောင့်တပ်ဖွဲ့၏ ဟန့်တားစစ်ဆေးမှုကြောင့် ၀ တပ်ဖွဲ့ နှင့် နအဖ စစ်တပ်အကြားအချေ အတင် စကားများပြီး ပစ်ခတ်လုနီးပါးဖြစ်ခဲ့ရသည်ဟု အဆိုပါတပ်မှူးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

“မိုင်းဆတ်မြို့ အရှေ့မြောက်ဘက် လွယ်ဆမ်ဆုမ် တောင်ကြောက လမ်းကင်းစောင့်တဲ့ (မိုင်းတုမ်း အခြေစိုက်) ခမယ ၅၅၃ နဲ့ ၅၅၄ ဗမာစစ်သားတွေ ကျနော်တို့ကားကို အသေးစိပ်ရှာဖွေစစ်ဆေးချင်လို့တဲ့။  ကျနော်တို့ပေးမစစ်ဘူး၊သူတို့ ကားလဲ ကျနော်တို့မစစ်ဆေးဘူး၊ လက်နက်ကိုင်အချင်းချင်းဘဲ။ ဒါကြောင့် အချေအတင်ဟိန်းဟောက်ကြတယ်”- ဟုဆို၏။

မိုင်းတုံမြို့ဒေသခံတဦးက -“ အခုတလော ၀ တပ်တွေ လက်နက်ခဲယမ်းမီးကျောက်သယ်ယူ ဖြည့်တင်းတာတွေဖိလုပ် နေ တယ်လို့ကြားလို့ နအဖစစ်တပ်ကစစ်ဆေးကြည့်ချင်တဲ့သဘောဖြစ်နိုင်တယ်” ဟုဆို၏။

တောင်ပိုင်း ၀ တပ်ဖွဲ့အား စစ်ရေးအရ အချက်အခြာကျသည့် တပ်စခန်း ၃ ခု ကိုမေလ ကုန်နောက်ဆုံးထား၍ဆုတ်ခွာ ပေး ရန်၊ စစ်အစိုးရ၏ ကာကွယ်ရေးဝန်ကြီး လက်အောက် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန်၊ မြောက်ပိုင်းသို့ တပ်ရုတ် ပြန်ရန် စစ်အစိုးရဖက်က သတိပေးမှုကြောင့် ဆက်ဆံရေးပိုမိုတင်းမာလာခြင်းဖြစ်သည်။ စစ်အစိုးရကအသင့် အနေအထား တပ်လှန့်ထားသကဲ့သို့  တောင်ပိုင်း ၀ တပ်ဖွဲ့ကလည်း စားနပ်ရိက္ခာ၊လူသူလက်နက်အဆင်သင့်ဖြည့်တင်း ပြီး စစ်ရေးပြင် ဆင်ထားသည်ဟုဆို၏။ ထို့အပြင် ကျေးရွာတွင်း/မြို့တွင်း ရှိနေကြသည့် ၀ စစ်သား/ အရာရှိများလည်း မိသားစုနှင့်အတူ တပ်စခန်းအသီးသီးသို့ ပြန်သွားနေကြရပြီဖြစ်ကြောင်း သိရပါသည်။

နိုင်ငံရေးစစ်ရေးကျွမ်းကျင်သူ ဦးအောင်ကျော်ဇောက - နအဖ နှင့် အပစ်ရပ်များအကြားလတ်တလောနိုင်ငံရေးအခြေ အနေ တင်းမာလာသော်လည်း ယခုနှစ်ကုန်ပိုင်းအထိ အပစ်ရပ်များအပေါ် စစ်အစိုးရစစ်မျက်နှာသစ်ဖွင့်နိုင်ဦးမည် မဟုတ်ကြောင်း သုံးသပ်ပါသည်။

 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ကွဏ်းခေါ် သြဂုတ်လ ၂၀၁၀

Download [pdf]