သျှမ်းသံတော်ဆင့်

    သောကြာနေ့၊ စက်တင်ဘာလ၊ ၃ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

တပ်အသွင်ပြောင်းရေးအတွက် အပစ်ရပ် SSA အား ကန့်သတ်ချက်များချမှတ်

E-mail Print

ဖေဖေါ်ဝါရီ ၄ ရက်နေ့ အပစ်ရပ် သျှမ်းပြည်တပ်မတော် ဥက္ကဌ ဗိုလ်ချုပ်လွယ်မောဝ်၊ စ၀်ခေးတိုင်း၊ စ၀်လှမြင့်၊ စ၀်စိုင်းအွမ်တို့ လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်နှင့် သွားရောက်တွေ့ဆုံခဲ့၏။ နအဖ ရာဇသံပေးသည့်နယ်မြေစောင့်တပ် အသွင်ပြောင်း ရေးကိစ္စ ဆွေးနွေးဖွယ်ရှိသည်ဟု ဆိုပါသည်။
အပစ်ရပ် သျှမ်းပြည်တပ်မတော်အပေါ် ကန့်သတ်ပေးထားသည့် အဓိက အကြောင်းရင်း ခြောက်ချက်မှာ - ၁။ ဒေသခံလူထု ဦးဆောင်မှုအမည်ခံ စေ့စပ်ရေးနာယကအဖွဲ့ ဖွဲ့စည်းရန်၊ ၂။ ပြည်သူ့စစ်အသွင်ပြောင်းပြီးပါက လက်ရှိတပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်းတွင်သာ အခြေစိုက်ရန်။ ၃။ ဆိုင်ကျော့ဝ် (စိန်ဂျော့) ဌာနချုပ်နယ်မြေ အပါအ၀င်မူလပြည်သူ့စစ်တပ်ဖွဲ့များရှိပြီး သား အပစ်ရပ် SSA ဒေသအားလုံး လက်လွတ်တပ်ရုပ်ဆုတ်ခွါရန်၊ ၄။ အုပ်စု/ရပ်ရွာ အကြီးအသေးအလိုက်စစ်အစိုးရ အမာခံ လူထုကိုယ်စားလှယ် ၁၀ ယောက်မှ အယောက် ၃၀ အထိထားရှိရန်၊ ၅။ စေ့စပ်ရေးနာယက အဖွဲ့ဖြင့်ဆက်သွယ် ဆက်ဆံကြရန်၊ ၆။ နာယကအဖွဲ့၏ အလုပ်လုပ် မည့်ရုံးနေရာနှင့် အလုပ်အမှုဆောင်အရည်အတွက် သတ်မှတ်ရေးအတွက် ဆက်လက်ဆွေးနွေးကြရန် စသည် တို့ဖြစ်သည်ဟု ဆို၏။

အဆိုပါ ကန့်သတ်ချက်အားလုံးမှာ နအဖက တဘက်သတ်ချမှတ်ထားခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့်အပစ်ရပ် သျှမ်းပြည်တပ်မတော် အရာရှိတဦးက ဤကဲ့သို့ ပြောပြပါသည်။

“အခုပြောတဲ့ ၆ ချက်က ဗမာအစိုးရကဘဲ တဘက်သတ်ပြောသွားတာ၊ ကျနော်တို့ဘက်က ဘာဆိုဘာမှ မဆုံးဖြတ် သေးဘူး။ ကျနော်တို့ခေါင်းဆောင်တွေလဲ ၀ တို့ မိုင်းလားတို့ ရပ်တည်ချက် အတိုင်း ဆက်သွားမှာ ဘဲ”

သျှမ်းပြည်တပ်မတော် (အပစ်ရပ်) အနေဖြင့် တပ်အသွင်ပြောင်းရေးကိစ္စကို မူအားဖြင့်သာလက်ခံထားသည်ဟု ဆိုသော်လည်း အဖွဲ့အစည်းနာမည်ပြောင်းရေးကိစ္စ/တပ် တံဆိပ်ပြောင်းရေးကိစ္စများ လက်မခံနိုင်ကြောင်းဆက်ပြော၏။

“အပစ်ရပ်စဉ်တုန်းက နောက်တက်လာမဲ့  အရပ်သားအစိုးရသစ်လက်ထက်ကျမှ နိုင်ငံရေးကိစ္စတွေ ဆွေးနွေး အပေး အယူလုပ်ကြမယ် - ဆိုပြီးသဘောတူထားတယ်။ စစ်အစိုးရလုပ်ရပ်က ရှေ့သွားနောက်လိုက်မညီဘူး၊ အခုချိန်ကတည်းက အသွင်ပြောင်းဖို့လက်နက်ချဖို့ ဖိအားပေးလာတာက နှစ်ဘက်သဘောတူညီချက်ကို ဖောက်ဖျက်တာဘဲ”

ဖေဖ်ါဝါရီလနှောင်းပိုင်းမှ မတ်ခ်ျလဆန်းပိုင်းအထိ နအဖ ကိုယ်စားလှယ် လားရှိုးတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ် နှင့် အပစ်ရပ် သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်လွယ်မောဝ် တို့ ၃ ကြိမ် တိတိတွေ့ ဆုံဆွေးခဲ့ သော်လည်း ယနေ့ထိ တစုံတရာ သဘောတူညီမှုမရှိဘဲ ပန်ဆန်း/မိုင်းလားတို့ကဲ့သို့ပင် လိပ်ခဲတည်းလည်း ဖြစ်နေဆဲဖြစ်သည်။  

 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ကွဏ်းခေါ် သြဂုတ်လ ၂၀၁၀

Download [pdf]