သျှမ်းသံတော်ဆင့်

စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

သျှမ်းပြည်အမျိုးသားနေ့မရှိလျှင် ပြည်ထောင်စုနေ့ရှိမည်မဟုတ်

E-mail Print

‘သျှမ်းပြည်အမျိုးသားနေ့မရှိလျှင် ပြည်ထောင်စုနေ့မရှိနိုင်’- ဟု သျှမ်းပြည်တပ်မတော်လွယ်တိုင်းလျဲန်း ဌာန ချုပ်၌ ကျင်းပသည့် ၆၃ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ ဂုဏ်ြုပပွဲတွင် သျှမ်းခေါင်းဆောင်တဦးက မိန့်ခွန်းချွေခဲ့သည် ဟုဆိုသည်။

“SSC Shan State Congress ဥက္ကဌ ဦးဂျပိုးလုံက သဘာပတိလုပ်တယ် မိန့်ခွန်းချွေတယ်။ လားဟူအမျိုးသား အမျိုးသမီး နှစ်ဦးလဲ လားဟူဘာသာနဲ့ ပြောသွားတယ်။ ပြည်ထဲရေးဌာန တာဝန်ခံ ဒု - ဗိုလ်မှူးကြီးပေါင်ခေး ကတော့သျှမ်းပြည် အမျိုးသားနေ့သမိုင်းနဲ့ပတ်သက်ပြီး - သျှမ်းပြည်အမျိုးသားနေ့မရှိရင် ပြည်ထောင်စုနေ့ မရှိမှာမဟုတ်ဘူး၊ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မရှိရင်လဲ ဂျန္ဖ၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့ရှိမှာ မဟုတ်ဘူး - လို့ပြောသွားတယ်” - ဟု ပွဲတက် ရောက်သူတဦးက ပြန်လည်ပြောပြသည်။

၆၃ နှစ်မြောက် သျှမ်းပြည်အမျိုးသားနေ့ကို လွယ်တိုင်းလျဲန်းဌာနချုပ်၌ ဖေဖေါ်ဝါရီ ၇ ရက်  မနက် ၈း၃၀ နာရီတွင်ကျင်းပ ရာ RCSS/SSA ခေါင်းဆောင် ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်အား စစ်သည်အင်အား ၁၀၀၀ ကျော်က စစ်ရေးပြ ချီတက် အလေြးုပကြကြောင်း၊ PNLO, KNPP, KNU, LDU, PSLF, တို့ကလည်း အသီးသီး သ၀ဏ်လွှာ ပေးပို့ကြကြောင်း၎င်း ကဆက်ပြောပြ၏။

“သျှမ်းပြည်အမျိုးသားနေ့ သန္ဓေတည်လို့ ပြည်ထောင်စုနေ့ ဖြစ်လာတယ်လို့ပြောလို့ရတယ်။ ပင်လုံစာချုပ် ချုပ်ရတဲ့ အကြောင်းရင်းကလဲ သျှမ်းပြည်နဲ့ ဗမာပြည် သီးခြားတည်ရှိခဲ့ပါဘဲ။” - ဟု ဒု - ဗိုလ်မှူးကြီးပေါင်ခေး က ပြောကြားသည်ဟု ဆိုသည်။

“နိုင်ငံခြားရောက် သျှမ်းပြည်သားတွေက သျှမ်းပြည်အမျိုးသားနေ့အကြောင်း လွတ်လွတ်လပ်လပ် ဆွေးနွေးဖလှယ် နိုင်ကြတယ်။ ပြည်တွင်းမှာတော့ အဆင်ပြေသလိုဘဲ လုပ်ကြတယ်။ သျှမ်းပြည်တိုင်းရင်းသားတွေရဲ့ ရင်ထဲမှာ အဲနေ့ဟာ ဘာနေ့လဲဆိုတာ မေ့မထားပါဘူး” - ဟု ထိုင်းရောက် ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှု အသင်းသားတဦး ကသျှမ်းသံ တော်ဆင့်သို့ ပြော၏။

သျှမ်းပြည်အမျိုးသားနေ့အား သျှမ်းပြည်အနှံ့အပြား၌ ပေါ်ပေါ်လွင်လွင်မကျင်းပနိုင်ကြောင်း၊ တောင်ကြီးမြို့ တော်တွင် တိုင်းရင်းသားစုံညီ ညစာစားပွဲအဖြစ်ကျင်းပကြောင်း၊ မူဆယ်မြို့တွင် လူငယ်မောင်မယ် များ ပျော်ပွဲစားထွက်ကြကြောင်း၊ သျှမ်းပြည်အမျိုးသားနေ့ဆိုင်ရာ သော့တွဲ၊ အင်္ကျီများလည်းထုတ်လုပ် ၀တ်ဆင်ကြကြောင်း၊ မန္တလေးတက္ကသိုလ် သျှမ်းစာပေယဉ်ကျေးမှုကော်မတီက ကျင်းပသကဲ့သို့ ရန်ကုန်သျှမ်းစာပေယဉ်ကျေးမှု အသင်းကလဲတိုင်းရင်းသားရိုးရာ ပဒေသာကပွဲအဖြစ် ကျင်းပခဲ့ကြရကြောင်း ကော်မတီဝင်တဦးကပြောပါသည်။

(သျှမ်းပြည်အမျိုးသားနေ့အကြောင်းအား ဤနေရာတွင် ဆက်ဖတ်ရှုပါရန်)
 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ဂွဏ်းခေါ် ဖေဖေါ်ဝါရီ ၂၀၁၀

Download [pdf]