သျှမ်းသံတော်ဆင့်

    သောကြာနေ့၊ စက်တင်ဘာလ၊ ၃ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

မိုင်းလားအတွင်းရေးမှူးလုပ်ကြံခံရမှု အပစ်ရပ်များကြား ဂယက်ရိုက်

E-mail Print
မိုင်းလားတပ်ဖွဲ့အတွင်းရေးမှူး ဦးမင်းအိမ်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်း အပစ်ရပ်တပ်ဖွဲ့ခေါင်းဆောင်များသဘော ထား ကွဲလွဲမှုဖြစ်စေမည့်ကိစ္စရပ်များ အထူးရှောင်ရှားပြီး ရင်းနှီးမှုပိုမိုရရှိလာကြောင်း - အပစ်ရပ်သျှမ်းပြည် တပ်မတော် အသိုင်း အ၀ိုင်းက ပြောပါသည်။

“မိုင်းလားအတွင်းရေးမှူးဦးမင်းအိမ်လုပ်ကြံသတ်ဖြတ်ခံရပြီးနောက်ပိုင်း အသွင်ပြောင်းဖို့ SSA ရဲ့ ကေဒါတပ်သား ဆန္ဒသဘောထားအနှုတ်လက္ခဏာဘက် ပိုပြီးတော့ပြလာတယ်။ တပ်မပြိုကွဲဖို့၊ စည်းရုံးဖို့၊ လက်တွဲခိုင်မြဲဖို့မိမိကိုယ် မိမိအားကိုးဖို့ ဆိုတာ အဓိကဖြစ်လာတယ်” - ၀မ့်ဟိုင်းဒေသခံတဦးက ပြောပါသည်။
 
ဖေဖေါ်ဝါရီ ၂၅ ရက်ကစ၍ နယ်ခြားစောင့်တပ်/နယ်မြေစောင့်တပ်/ပြည်သူ့စစ်တပ်ဖွဲ့ အဖြစ်အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် အပစ်ရပ်တပ်ဖွဲ့ ဗဟိုကော်မတီ အစည်းအဝေးတရပ်အား သျှမ်း ပြည်တပ်မတော် (အပစ်ရပ်) တပ်မဟာ ၁ ဌာနချုပ် ၀မ့်ဟိုင်း၌ ကျင်းပခဲ့၏။

ဥက္ကဌ စ၀်လွယ်မောဝ်နှင့် ဒုဥက္ကဌ စ၀်ကိုင်ဖ ကိုယ်တိုင်အစည်းအဝေးတက်ရောက်၏။ အစည်းအဝေးတက်ရောက် သူများက ဦးမင်းအိမ် သေဆုံးမှုသည် နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းနှင့် လုံးဝပတ်သက်ဆက်နွှယ်သည် ဟု မြင်ကြောင်း ပြောကြသည်။

“မိုင်းလားအတွင်းရေးမှူးသေဆုံးမှုမှာ နအဖ လက်ချက်မကင်းဘူး၊ အပစ်ရပ်အချင်းချင်းသဘောထားကွဲလွဲအောင် ၀ တပ်ဖွဲ့လက်ချက် သဏ္ဍန်လုပ်ဇာတ်ခင်းတယ်၊ အဲဒါကိုကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တွေအကြား ဘုံရည် မှန်းချက်မရှိရင် သဘောထားကွဲလွဲနေရင် အဲ့တိုင်းခံရမှာဆိုတာ သူတို့သဘောပေါက်ကြတယ်” - ဟု အပစ်ရပ် ခေါင်းဆောင်များနှင့် ရင်းနှီးသူတဦးကပြောပါသည်။

ဦးမင်းအိမ် လုပ်ကြံခံရမှုနှင့်ပါတ်သက်၍ သဲလွန်စများရနေပြီဖြစ်ကြောင်း၊ သေနတ်သမားများအသုံးပြုသည့် မက်တူး ကားအဖြူရောင်ကိုပိတ်ဆို့ရှာဖွေရာ ၀ တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတစ်ဦးပိုင် ဟိုတယ်တခု၌ တွေ့ရပြီး ကားအတွင်း၌လည်း ၀ တပ်ဖွဲ့ ထုတ်လုပ်သည့် ယာဘဆေးပြားများ၊ ၀ တပ်ဖွဲ့အသုံးအဆောင်ပစ္စည်းများကို တွေ့ရကြောင်း ၀ တပ်ဖွဲ့နှင့် မိုင်းလားတပ်ဖွဲ့ကြားသဘောထားကွဲလွဲစေမည့် သတင်းကို စစ်အစိုးရတို့ ၀ါဒဖြန့် ထုတ်ဝေခဲ့သည်။
 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ကွဏ်းခေါ် သြဂုတ်လ ၂၀၁၀

Download [pdf]