သျှမ်းသံတော်ဆင့်

    ဗုဒ္ဓဟူးနေ့၊ မတ်လ၊ ၁၀ ရက်။
  • Search
စာလုံးအရွယ်အစား
  • Increase font size
  • Default font size
  • Decrease font size

ဝ နှင့် မိုင်းလားဒေသသို့ တပ်မတော်အရာရှိများ သွားနေတော့မည်ဟု တြိဂံတိုင်းမှူးပြော

E-mail Print
မိုင်းလား နှစ် ၂၀ ပြည့်ပွဲတော်ကျင်းပနေစဉ် တြိဂံစစ်တိုင်းမှူးက မိုင်းယန်းမြို့ တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲ၌ အထူးဒေသ ၂ နှင့် ၄ အတွင်း မကြာခင် စစ်အစိုးရ တပ်မတော်အရာရှိများ သွားနေတော့မည်ဟု ပြောကြောင်းနယ်စပ်သတင်းရပ်ကွက် က ဆိုသည်။

ဇွန် ၂၉ တွင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး မိုင်းယန်းမြို့သို့သွားကာ မိုင်းယန်း-မိုင်းခတ်က တပ် တွင်းအရာရှိများအား ခေါ်ယူတွေ့ဆုံပြီး - “မကြာခင်မှာ ကျုပ်တို့လူ (တပ်ရင်းမှူး ၁ ယောက်၊ တပ်ခွဲမှူး ၂ ယောက် တပ်သား ၂၇ ယောက်) လွှတ်ပြီး အထူးဒေသ ၂ နဲ့ ၄ မှာ သွားနေရတော့မယ်။ အဲဒီအချိန်မတိုင်ခင် ၀ တို့ မိုင်းလား တို့အဖွဲ့ကို မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ ညဘက်မှာလဲ မလိုအပ်ရင် တပ်ပြင်မထွက်နဲ့” - ဟု မှာကြားကြောင်း နအဖအရာရှိ အချို့နှင့်ရင်းနှီးသည့် တရုပ်နယ်စပ်သတင်းက ဆိုသည်။

ဒေသခံတဦးကလည်း တြိဂံတိုင်းမှူးမိုင်းယန်းမြို့မှာ ညအိပ်ပြီး ၃၀ ရက်နေ့ မနက်ပိုင်း ကျိုင်းတုံပြန်သွားသည်ဟု ပြော ပါသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အပစ်ရပ်အရာရှိတဦးက - “ဗိုလ်ချုပ်ရဲမြင့်ထံ အသွင်ပြောင်းဖို့ မဖြစ်နိုင်ကြောင်းအကြောင်း ပြန်ပြီးနောက်ပိုင်း တိုင်းမှူးက ကျနော်တို့ဆီကို အ၀င်အထွက် မလုပ်တော့သလောက်ဘဲ။ လက်ဆောင် တွေပေးလဲမယူ တော့ဘူး၊ ခပ်တန်းတန်းဘဲ ၊ သူ့ကိုယ်စား ဂျီဝမ်းတို့ ကျိုင်းတုံ စရဖမှူးတို့ကိုဘဲ တဆင့်ခံပြောတယ်” - ဟု သျှမ်းသံတော်ဆင့် သို့ ပြောပြ၏။

အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စမဖြစ်နိုင်သေးကြောင်း တရားဝင်အကြောင်းပြန်ထား သော်လည်း တြိဂံတိုင်းမှူးက ထိုအကြောင်းပြန်ချက်အပေါ် လွယ်လင့်တကူ အလျှော့ပေးမည်မဟုတ် ဆိုသည့်သဘော ပြသလိုခြင်းဖြစ်ကြောင်း၊ ပို့မည့်လူအရေအတွက်ကို ကြည့်ပြန်လျင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသည့်အတိုင်း တပ်ရင်း တရင်းလျှင်စစ်အစိုးရ၏ လူ ၃% နေရာယူမည်ကို အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်ကြောင်း ထိုအရာရှိက သုံးသပ်ပြ၏။

တရုပ်နယ်စပ်အခြေစိုက် အပစ်ရပ်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ပေါင်းစု PDF အဖွဲ့ဝင် ၄ ဖွဲ့ရှိသည့်အနက် အမျိုးသားဒီမိုကရက် တစ်တပ်မတော် - ကချင် NDA-K  က ဂျွန် ၂၄ ရက်နေ့၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်လက်ခံလိုက်ပြီဖြစ်သော်လည်း ၀ UWSA ၊ ကိုးကန့် MNDAA နှင့် မိုင်းလား NDAA တို့က လက်မခံနိုင်ကြောင်း ဂျွန်လနောက်ဆုံး ပတ်၌ စစ်အစိုးရထံ အသီးသီး အကြောင်းပြန်ထားပြီးဖြစ်သည်။
 

အခြားဆိုဒ်များ

www.shanland.org
သျှမ်းသံတော်ဆင့်၏ အင်္ဂလိပ် စာမျက်နှာ ဖြစ်သည်။
www.mongloi.org
သျှမ်းသံတော်ဆင့်၏ သျှမ်း စာမျက်နှာဖြစ်သည်။

www.khonkhurtai.org
သျှမ်းသံတော်ဆင့်၏ ထိုင်း စာမျက်နှာဖြစ်သည်။
www.bnionline.net
BNI (သို့) နိုင်ငံတကာမြန်မာ့သတင်းသည် မြန်မာပြည်မှ လွတ်လပ်သော သတင်းအဖွဲ့ ၁၀ ဖွဲ့ ဖြင့်ဖွဲ့စည်းထားသော သတင်းကွန်ယက်ဖြစ်ပြီး သျှမ်းသံတော်ဆင့်သည် ၎င်း၏အဖွဲ့ဝင်ဖြစ်သည်။

RSS ဖတ်ရန်

RSS ဖတ်ရန်

သျှမ်းသံတော်ဆင့်မှ RSS ကို တပ်ဆင်ထားခြင်းအားဖြင့်   ၀က်ဆိုဒ်သို့ လာရန်မလိုဘဲ သတင်းအသစ် တင်တိုင်း အလိုအလျှောက် သိရှိ ဖတ်ရှုနိုင်မည် ဖြစ်သည်။

ဂွဏ်းခေါ်စာစောင်

 

ဂွဏ်းခေါ် ဖေဖေါ်ဝါရီ ၂၀၁၀

Download [pdf]